ချစ်သော ရွှေမန်းမြေ....

      “ လိပ်ပြာသန့်ဖို့ ”
      ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
     “ သားတို့ သမီးတို့ကို အမေပြောချင်တာက 
      ကိုယ့်စိတ်ထဲမှာမတော်မှန်းသိတဲ့ အပြစ်
      တစ်ခုကိုမကျူးလွန်မိစေနဲ့ ။ မကျူးလွန်အောင်
      ချူပ်တည်းလို့ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ
      နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့်လိပ်ပြာက 
      ကိုယ့်ကိုပြန်နှောင့်ယှက်တာဟာ မူလကျူးလွန်
      မိတာနဲ့မက အလွန်ဝန်လေးနေတက်တယ်။

            ~ အမေလူထုဒေါ်အမာ ~

သီတဂူဆရာတော်ကြီးမိန့် ကြားသော လူမိုက်လက္ခဏာ ၄ ပါး 

         ကျွန်မဖတ်ခဲ့သော...  တနေ့ တာ

    နိုင်ငံရေး၊ လူးမှုရေး၊ စီးပွားရေးနှင့် အထွေထွေ.....

 စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။           ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။

ရန်ကုန်၊ ဇန်နဝါရီ ၁၀။

... နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူသည် အနုပညာလောကမှ ထွက်ခွာခဲ့သည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လာမည့်
အချိန် အနည်းငယ်အတွင်းတွင် ဒါရိုက်တာကျော်သူအဖြစ် အနုပညာ
လောကထဲသို့ ပြန်လည် ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း ဦးကျော်သူထံမှ သိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင် ရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်
ဖြစ်ကြောင်းနှင့် ၎င်းတို့ လုပ်ကိုင်နေသော ပရဟိတလုပ်ငန်းအား ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့သော ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်း၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ရုပ်ရှင်ပြန်ရိုက်ရန် ဆုံးဖြတ်ချက်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စတင်ရိုက်ကူမည့် ဇာတ်ကားသည် အတ္တ အနုပညာအတွက် မဟုတ်ဘဲ၊ ပရဟိတ အနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေမည်ဖြစ်ပြီး ပရဟိတ လုပ်ငန်းများအား ၀ါ သနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာ ရှင်များဖြင့်သာ လက်တွဲ၍           ရိုက်ကူးသွားမည်ဟု ဦးကျော်သူထံမှ သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအား နန်းခင်ဇေယျာဖြင့် စတင်ရိုက်ကူးမည်
ဖြစ်ကြောင်းသိရပြီး ဇာတ်ကား ရိုက်ကူးမှုနှင့် ပတ်သက်၍ “ဘယ်နေ့ ရိုက်ဖြစ်မယ်ဆိုတာ အတိအကျ မသိသေးဘူး။ အခု ဦးကျော်သူက ခရီးသွားနေတာဆိုတော့ ဘာမှမသိရသေးဘူး။ ညီမရိုက်မယ် ပြော လိုက်တော့ ဦးကျော်သူက ဇာတ်ညွန်းကို အသစ်ပြန်ရေးနေတယ်။ ဇာတ်ကားလေးက တကယ့်ဘဝမှာ တွေ့ကြုံရတဲ့ အခက်ခဲမျိုးစုံကို
ရိုက်မယ့် အတွက်ကြောင့် အရမ်းပဲ ရင်ခုန်တယ်။ ဘယ်လို ဇာတ်ညွှန်းဖြစ်
မလဲလို့ အရမ်းလည်း သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ရုပ်ရှင်လောကက လာတာမဟုတ်တဲ့ အတွက် ကြိုတင် ပြင်ဆင်ထား ချင်တာလည်း ပါပါတယ်’’ဟု နန်းခင်ဇေယျာက ပြောကြားသည်။

ဒါရိုက်တာ ဦးကျော်သူ ရိုက်ကူးမည့် ဇာတ်ကားတွင် လူမှုရေး စိတ်ဓါတ်
ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး သမားများ၊ ဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်ရှိ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောက အတွင်းရှိ ဖြစ်ရပ်မှန်များကို ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

အိအိ

ကိုလင်း..သူကတော့ ကျွန်မတို့ ရဲ့  ရွှေမန်းသား..ပေါ့...                                  သူကသီချင်းဆိုတယ်...၊ အမေစုရဲ့  လုံခြုံရေး သက်တော်စောင့် ကိုယ်ရံတော် တပ်မှူးရဲ့  အဖွဲ့ ဝင်တယောက်ဖြစ်တယ်....၊ သူ့ သီချင်းတွေနားထောင်ဖူးကြမှပေါ့... မန္တလေးကျဆုံးခြင်းတဲ့.... ဒီသီချင်းက ကျွန်မတို့ မန္တလေးသူ မန္တလေးသားများရဲ့  ရင်ထဲမှ လာသော သံစဉ် လှိုင်းခတ်သံဖြစ်တယ်...၊ အခု ကိုလင်းမှ ချစ်သုဝေနှင့်တွဲဖက်ပြီး CD တခွေ ထွက်လာခဲ့တယ်... မီးအိမ်ကဗျာ...တဲ့....  အောက်မှာပေးထာေးသာ လင့်မှာဝင် ရောက်ပြီး နားထောင် ကြည့်ခြင်းဖြင့် အားပေးလိုက်ကြပါနော်......  ကျေးဇူးတင်ပါတယ် ..   ://www.mmonlinesongs.com/2013/01/lyn-lyn-chit-thu-wai-mee-eain-ka-byar.html

ကျွန်မတို့ မြို့ ကို ၀ါးမြိုလာယုံမက... မြန်မာ့ရုပ်ရှင်ကိုပါ ၀ါးမြိုလာလေပြီလား..... ဘုရား... ဘုရား... ရင်လေးလိုက်တာ.... မြေမြိုလို့  လူမျိုးမပျောက်... လူမျိုးမြိုမှ လူမျိုးပျောက်တယ် ဆိုတာ တကယ်မှန်လာပြီလား......၊ မတွေးဝံ့စရာတွေပါလား....၊ ကိုယ့်လူမျိုးတွေ ထဲမှာ လူမျိုးသစ္စာဖေါက်တွေရှိနေတော့ အမျိုးသားအကျိုးကို ထိခိုက်လာနေခဲ့ပြီ... ဘာလုပ်ကြမလဲ.... အမျိုးသားအားလုံးညွတ်မှုနှင့် ကာကွယ် ကြခြင်းမှတပါး တခြား ရှိလိမ့်မည်မဟုတ်တော့ပါ.....။ 

                  မြန်မာ့ယဉ်ကျေးမှု

     မန္တလေးအနုပညာပုံရိပ်များနှင့် မန္တလေးတေးဂီတ 

တချိန်ကမန္ထလေးသည်ဟာ... မြန်မာနိုင်ငံ မြန်မာလူမျိုးရဲ့  မင်းအဆက်ဆက် စိုးစံခဲ့သော မင်းနေပြည်တော်နှင့် အမျိုးသားယဉ်ကျေးမှု ပြရုပ်အဖြစ်တည်ရှိနေခဲ့သော မြန်မာ့ဂုဏ်ဆောင် မန်းရွှေမြို့ တော်ဖြစ်ခဲ့သော်လည်း..... ယနေ့ မှာတော့ အမျိုးသားသစ္စာဖေါက်တွေရဲ့  သစ္စာမဲ့သော လုပ်ရပ်ကြောင့် ယနေ့ ရွှေမန်းမြေသည် တိုင်းတပါးရဲ့  လူမျိုး... ယဉ်ကျေးမှုရဲ့  ကိုလိုနီဘ၀ ရောက်နေခဲ့ရပြီ..........။          မင်းနေပြည်တော်ကျဆုံးခြင်းနှင့် ကျွန်မတို့ ဘ၀  ခေတ်သစ် ကိုလိုနီဘ၀ရောက်ခဲ့ရပြီ။

မြန်မာ့ရနံ့... မြန်မာ့တေးသံ... မြန်မာဟန်နှင့်..

ဝင့်ကြွားထယ်ဝါ... ဂုဏ်သိက္ခာနှင့်

ပြည့်ဝတင့်တယ်... ရွှေမန်းမြေသည်

ယနေ့ သည်ကား... ညှိုးနွမ်း ဂုဏ်ရှိန်... ကျဆင်းခဲ့ရလေပြီကော....။ 

          မြူမှောင်ဝေကင်း 

       ရွှေမန်းဆီးသို့  

ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း..... ဘယ်လိုပင် လူမျိုးခြားရဲ့  ယဉ်ကျေးမှုများက တောမီးပမာ ၀ါးမြိုလာပေမဲ့.... မြူမှောင်ဝေကင်း နှင့် ရွှေမန်းဆီသို့  တေးသံသာ   များကတော့.... ကျွန်မတို့ ရင်ထဲ အသဲနှလုံးထဲမှ... ဘယ်အရာမျိုးမှ ကွယ်ပျေက်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်မဟုတ်ပါ....၊                                                       

                         ဗွီဒီယိုများ၊ သီချင်းများကို Video - Music စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်..။

                       မန္တလေးမြို့ ရဲ့  ရှုခင်းပုံရိပ်များ 

                                            ဓါတ်ပုံများကို Photo စာမျက်နှာမှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ် 

                                                     ရွှေမန်းသူ ရွှေမန်းသားများရဲ့  နိုင်ငံရေးနိုးကြားမှု 

      ရွှေမန်းသူ ရွှေမန်းသားများရဲ့  နိုင်ငံရေးနိုးကြား လှုပ်ရှားမှု ပုံရိပ်များကို Photo နေရာမှာ ၀င်ကြည့်နိုင်ပါတယ် 

 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola